Monday, August 19, 2013
အလှူရေစက် (Consecration Water)
*************************
အလှူရေ၊ အလှူရေစက်ချသည့် ရေကို ပါဌိလို ဒက္ခိဏောဒက ဟုခေါ်ပါသည်။
အလှူဝတ္ထုကိုပေးလှူရာ၌ မလှူမီ ကြိုတင်ပေးလှူအပ်သော နံ့သာရေစသည့် ရေစင်ရေသန့်ဖြစ်သည်။ အလှူနှင့်စပ်သောရေဖြစ်သဖြင့် အလှူရေခေါ်၏။ ရေနှင့် တကွလှူဖွယ်ဝတ္ထုတို့ကို ပေးလှူခြင်းသည် ကမ္ဘာစဉ်ဆက်အလှူရှင်တို့၏ လောကရိုးရာကျင့်စဉ်ဖြစ်သည်။ အလှူရေသည် သုံးဆောင်ရန်မဟုတ်။ အလှူရေကိုခံယူရလျှင် လှူဖွယ်ပစ္စည်းကို ခံယူပြီးဖြစ်သည်။ တနည်းအားဖြင့် ရေစက်ချလှူဒါန်းလိုက်လျှင် လှူဖွယ်ဝတ္ထုအစုစုအားလုံးအတွက် လှူဒါန်းမှုအထမြောက်ပြီး ဖြစ်သည်။
(၁) အရှင်စူဠပန်မပါသဖြင့် ဇီဝက၏ ဆွမ်းကိုမခံယူလိုသေးသော မြတ်စွာဘုရားသည် အလှူရေကို သပိတ်၌ လောင်းလှူသောအခါ ခံယူတော်မမူခဲ့ပေ။
(၂) အလှူခံပုဂ္ဂိုလ်တစ်ယောက်၏ လက်၌ အလှူရေလောင်းထည့်ကာ လှူဒါန်းနိုင်ကြသည်။ ရေစက်ချ လှူဒါန်းသည်ဟုဆိုနိုင်၏။ ဇေတ၀န်ကျောင်းလှူဒါန်းပွဲတွင် အနာထပိဏ်သူဌေးသည် မြတ်စွာဘုရား လက်တော်၌ အလှူရေကို လောင်းထည့်လှူဒါန်းခဲ့သည်။
(၃) ရေခံခွက် တစ်ခုခု၌ အလှူရေကိုလောင်းထည့်ပြီး ရေစက်ချလှူဒါန်းကြသည်။
(၄) အလှူဝတ္ထုမလှူမီ သပိတ်ထဲသို့ အလှူရေကို လောင်းထည့် လှူဒါန်းကြသည်။
Subscribe to:
Posts (Atom)