စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် မင်းဝံတောင်ရိုး မဟာကံ့ကော်မြိုင်ကျောင်းတိုက် အောင်မင်္ဂလာကန်တော်ကြီး အတွင်း၌ တည်ထားကိုးကွယ်လျှက်ရှိသော အောင်မင်းခေါင် အောင်မြေသစ္စာဆုတောင်းပြည့် နဂါရုံ မြတ်စွားဘုရား တည်ထားပြီးစီး အောင်မြင်နိုင်ရေးအတွက် သဒ္ဒါတရား နည်းများမဆို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ အား အသိပေးကြေငြာအပ်ပါသည်။ ဆက်သွယ်လှူဒါန်းရန် လိပ်စာ - စစ်ကိုင်းမြို့ ၊ ရွှေမင်းဝံရပ် ၊ မင်းဝံတောင်ရိုး ၊ မဟာကံ့ကော်မြိုင်ကျောင်းတိုက် (ဖုန်း-072 22320)
စီးပွားရေးကြော်ငြာများ ထည့်တွင်းကြော်ငြာလိုက အခမဲ့ဝန်းဆောင်မှုများပေးနေပါပြီ............ ကြော်ငြာများ ထည့်တွင်းလိုပါက uaowthada@gmail.com သို့ ပေးပို့ ကြော်ငြာနိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Monday, August 19, 2013

အလှူရေစက် (Consecration Water)

************************* အလှူရေ၊ အလှူရေစက်ချသည့် ရေကို ပါဌိလို ဒက္ခိဏောဒက ဟုခေါ်ပါသည်။ အလှူဝတ္ထုကိုပေးလှူရာ၌ မလှူမီ ကြိုတင်ပေးလှူအပ်သော နံ့သာရေစသည့် ရေစင်ရေသန့်ဖြစ်သည်။ အလှူနှင့်စပ်သောရေဖြစ်သဖြင့် အလှူရေခေါ်၏။ ရေနှင့် တကွလှူဖွယ်ဝတ္ထုတို့ကို ပေးလှူခြင်းသည် ကမ္ဘာစဉ်ဆက်အလှူရှင်တို့၏ လောကရိုးရာကျင့်စဉ်ဖြစ်သည်။ အလှူရေသည် သုံးဆောင်ရန်မဟုတ်။ အလှူရေကိုခံယူရလျှင် လှူဖွယ်ပစ္စည်းကို ခံယူပြီးဖြစ်သည်။ တနည်းအားဖြင့် ရေစက်ချလှူဒါန်းလိုက်လျှင် လှူဖွယ်ဝတ္ထုအစုစုအားလုံးအတွက် လှူဒါန်းမှုအထမြောက်ပြီး ဖြစ်သည်။ (၁) အရှင်စူဠပန်မပါသဖြင့် ဇီဝက၏ ဆွမ်းကိုမခံယူလိုသေးသော မြတ်စွာဘုရားသည် အလှူရေကို သပိတ်၌ လောင်းလှူသောအခါ ခံယူတော်မမူခဲ့ပေ။ (၂) အလှူခံပုဂ္ဂိုလ်တစ်ယောက်၏ လက်၌ အလှူရေလောင်းထည့်ကာ လှူဒါန်းနိုင်ကြသည်။ ရေစက်ချ လှူဒါန်းသည်ဟုဆိုနိုင်၏။ ဇေတ၀န်ကျောင်းလှူဒါန်းပွဲတွင် အနာထပိဏ်သူဌေးသည် မြတ်စွာဘုရား လက်တော်၌ အလှူရေကို လောင်းထည့်လှူဒါန်းခဲ့သည်။ (၃) ရေခံခွက် တစ်ခုခု၌ အလှူရေကိုလောင်းထည့်ပြီး ရေစက်ချလှူဒါန်းကြသည်။ (၄) အလှူဝတ္ထုမလှူမီ သပိတ်ထဲသို့ အလှူရေကို လောင်းထည့် လှူဒါန်းကြသည်။

No comments:

Post a Comment